Wednesday 10 August 2022

Welcome to my blog

               ကျွန်တော်က ETO (Electro Technical Officer)တယောက်ပါ ။ ဒီ Website ကကျွန်တော့် Personalအကျိုးတစ်ခုထဲအတွက်မဟုတ်ပဲ ကျွန်တော့်လိုဘဝတူ ETO များအတွက်ရည်ရွယ်ပြီး Knowledge Sharing နဲ့ အတွေအကြုံလေးတွေဖလှယ်ချင်၍ကိုယ်တိုင်ပြုလုပ်ထားတာဖြစ်ပါတယ်။ဒီထဲမှာ ကျွန်တော့တစ်ယောက်တည်းရဲအတွေ့အကြုံတင်မကပဲစုံလင်စွာ လေ့လာနိုင်ရန်စေတနာနဲ့YouTubeနဲ့ ETO Face Book Groups ထဲမှကောင်းနိုးရာရာများထည့်သွင်း တင်ပြထားပါတယ် ။ ပညာရှင်မဟုတ်ပါ ၊ ၀ါဿနာရှင်တယောက်သာဖြစ်ပါတယ်။အမှားပါရင်/အကြံ ပြုစရာများရှိရင်လဲ Comment မှာ ရေးထားခဲ့စေလိုပါသည် 
                 ကျွန်တော် ရေထဲ စဆင်းခါစလွန်လေပြီးသော(၂၀၀၀ ခုနှစ်) လောက်က Old Ship တွေနဲ့ စ ခဲ့ရပါတယ် ။ Manual, Instruction Book နဲ့ Electrical Drawing တွေကစုတ်ပြတ်နေပြီး ဖတ်လို.မရ ရှာလို့မရတာကများပါတယ်ရှေ့ကတက်သွားတဲ့ Senior တွေရဲ့ Workdone နဲ့ မှတ်တမ်းစာအုပ်တွေရှာပြီးကြည့်ထားရပါတယ်။ကျွန်တော့အတွက်တော့ ဒီ မှတ်တမ်းစာအုပ်တွေကရင်ဆိုင်ရမဲ့ပြဿနာတွေ နဲ့ Fighting ချဖို့ သိုင်းကျမ်း ကြီးတွေပေါ့ ဒီ Website လေးကလဲ ဝင်ရောက်ကြည်ရှုသူ လူကြီးမင်းအတွက် တစုံတရာအကျိုးရှိနိုင်ပါလိမ့်မည် ။ 
                                                                                                                 ကျေးဇူးတင်ပါတယ်။